ကြီးပင်ကန်ကျေးရွာတွင် နွေနှမ်းများစတင်ထွက်ပေါ်လျက်ရှိ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကြီးပင်ကန်ကျေးရွာအုပ်စုရှိ ကြီးပင်ကန်ကျေးရွာတွင် နွေနှမ်းကို တောင်သူ(၇၀)ဦးမှာ ဧက(၃၀၀)ကျော်ကို ၂၀၂၄ခုနှစ်၊ ဧပြီလတွင်ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် ဆည်ရေကိုအသုံးပြုကာ စိုက်ပျိုးကြောင်းသိရသည်။

      နှမ်းမျိုးများမှာ နှမ်းနက်စမုံ၊ ဂျပန်နှမ်းဖြူများကို အဓိကစိုက်ပျိုးကြပြီး ယခင်နှစ်ကမျိုးကို ပြန်လည်အသုံးပြု၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် ကျပ် (၅၀၀၀၀၀)ခန့်ကျကြောင်း၊ အထွက်နှုန်းနေဖြင့်က (၁)ဧကလျှင် တင်း(၁၀)ခန့်ထွက်ရှိပြီး ဈေးနှုန်း အနေဖြင့် (၁)တင်းလျှင် နှမ်းနက်စမုံ ကျပ်(၁၁၄၀၀၀)၊ နှမ်းဖြူ ကျပ်(၁၀၉၅၀၀)ဖြင့်ရောင်းချရကြောင်း၊ အကျိုးအမြတ်အနေဖြင့် နှမ်းနက်စမုံ(၁)ဧကလျှင် ကျပ်(၆၄၀၀၀၀)၊ ဂျပန်နှမ်းဖြူ ကျပ်(၅၉၀၀၀၀) ခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ပေါ်ရှိ ပွဲရုံများနှင့် မင်းဘူးမြို့ရှိဆီစက်များ၊ ပွဲရုံများသို့‌ တင်ပို့ရောင်းချကြကြောင်း ကြီးပင်ကန်ကျေးရွာနေ နှမ်းစိုက်တောင်သူတစ်ဦးထံမှသိရပါသည်။

DOCA(မကွေး)