MSMEs လုပ်ငန်းဖြစ်သည့် မကွေးတိုင်းဒေသကြီးမှ “ရွှေဇလပ်”အာလူးကြော်လုပ်ငန်း

Powered by Drupal

      မကွေးတိုင်းဒေသကြီးအတွင်း၌ ဒေသတစ်ခုထုတ်ကုန်တစ်ခုဆိုသည့်အတိုင်း ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိနိုင်မည်ဖြစ်သည့်အပြင် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရုံသာမက နိုင်ငံ့စီးပွားရေးကိုလည်း တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

      မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ဂွေးချိုအုပ်စု၊ အုတ်တွင်းကျေးရွာရှိ “ရွှေဇလပ်” အာလူးကြော်လုပ်ငန်းပိုင်ရှင် ဒေါ်ဖြူဖြူအေးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ကုန်ကြမ်းဖြစ်သော အာလူးများကို ပွင့်ဖြူမြို့နှင့်တောင်ကြီးမြို့တို့မှ အများဆုံးဝယ်ယူကြောင်း၊ ထိုအာလူးများကို အခွံနွှာပြီး (ဇကာကွက်၊ အချောင်း၊ အဝိုင်း) စသည်ဖြင့် ပုံစံအမျိုးမျိုးလှီးဖြတ်ကာ ရေသန့်ဖြင့် တစ်ရက်ရေစိမ်ထားရကြောင်း၊ ထို့နောက် ရေစစ်ကာ ပါဝင်ပစ္စည်းများဖြစ်သည့် ဆား၊ အရသာမှုန့်များဖြင့် သမအောင်နယ်၍ ကြော်ရကြောင်း၊ တစ်ရက်လျှင် အာလူးပိဿာ(၂၀၀)ခန့်ကုန်ကျကြောင်း၊ ကုန်ချောအဖြစ် အာလူးကြော်များကို ကျပ်(၁၀၀၀၊ ၂၀၀၀၊ ၃၀၀၀)တန်များပါကင်ထုတ်ပိုး၍ရောင်းချကြောင်း၊  စက်အင်အား၊ လူအင်အား နှစ်မျိုးစလုံးအသုံးပြုပြီး လုပ်သားဦးရေ(၁၀)ဦးခန့်ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးနှုန်းဈေးကွက်အနေဖြင့် အာလူးကြော်ထုပ်များကို မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့ကြီးများသို့ အဓိကတင်ပို့ရောင်းချပြီး မကွေး၊ ချောက်၊ ရေနံချောင်း၊ မင်းဘူးမြို့များသို့လည်း ရောင်းချလျက်ရှိကြောင်းနှင့် တစ်ရက်လျှင် ကျပ်(၆၀၀၀၀ဝ) ခန့်ဝင်ငွေရရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)