ပခုက္ကူမြို့တွင် ဆန်ဈေးနှုန်းချိုသာစွာရောင်းချနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေး

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများသည် ပခုက္ကူကုန်စည်ဒိုင်ခန်းမ၌ ဆန်ကုန်သည်ကော်မတီအဖွဲ့ဝင်များနှင့်အတူ (၅-၇-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် ပခုက္ကူမြို့နယ်အတွင်း ဆန်များဈေးနှုန်းချိုသာစွာရောင်းချနိုင်ရေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

     ဒုတိယခရိုင်ဦးစီးမှူကး ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်း ဆန်များကို ဈေးနှုန်းချိုသာစွာရောင်းချနိုင်ရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး ကော်မတီဝင်တစ်ဦးက ရောင်းချရန်နေရာ၊ ရောင်းချရမည့်အိတ်အရေအတွက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ရောင်းချရမည့် ဆန်အမျိုးအစားများမှာ ဧည့်မထအုပ်စုဖြစ်သော ဧရာမင်း၊ ရက်(၉၀)ဖန်သီးဆန်များဖြစ်ကြောင်း၊ ၎င်းဆန်များကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချသွားရန်၊ ဧည့်မထအုပ်စုဆန်တစ်ပြည်လျှင် ကျပ် (၃၀၀၀)နှုန်းဖြင့် ဇူလိုင်လမှစ၍ စက်တင်ဘာလအထိ တစ်လလျှင် (၄)ကြိမ်ရောင်းချသွားမည်ဖြစ်ကြောင်း၊ ၎င်းဆွေးနွေးပွဲသို့ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များအသင်းမှ ကော်မတီအဖွဲ့ဝင် (၂၁)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)