![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/183_2.jpg?itok=BrIGQ1Zq)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်၌ ပဲမျိုးစုံဖြစ်သော ပဲစင်းငုံနီ၊ ကုလားပဲအမျိုးမျိုး၊ မတ်ပဲ၊ ပဲတီစိမ်း၊ ထောပတ်ပဲနှင့် ပြောင်းဖူးစေ့ CP များ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့သည် ဧရာဝတီတံတားရှိခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးလွယ်ကူပြီး စီးပွားရေးအချက်အချာကျသော မြို့တစ်မြို့လည်းဖြစ်ပါသည်။ ပခုက္ကူမြို့အနောက်ဘက်ရှိ ဂန့်ဂေါခရိုင်၊ ချင်းပြည်နယ်တို့နှင့်ထိစပ်နေပြီး မြောက်ဘက်နှင့် အရှေ့ဘက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ၊ ပုလဲနှင့် အရှေ့တောင်ဘက်ရှိ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး၊ မြင်းခြံ၊ ကျောက်ပန်းတောင်းမြို့များမှ ပဲမျိုးစုံ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
ယခုဇူလိုင်လ(ပထမပတ်)တွင် ပဲဈေးနှုန်းများမှာ ပဲစင်းငုံနီတစ်တင်းလျှင် ကျပ်(၁၄၁၄၀၀)၊ မတ်ပဲအမျိုးအစားကိုလိုက်၍ တစ်တင်းလျှင် ကျပ်(၇၀၀၀၀မှ ၈၆၀၀၀)၊ ကုလားပဲဝါလုံးကြီးတစ်တင်းလျှင် ကျပ် (၇၉၅၀၀)၊ ကုလားပဲဝါ HL တစ်တင်းလျှင် ကျပ်(၇၈၀၀၀)၊ ပြောင်းဖူးစေ့ CP တစ်တင်းလျှင် ကျပ်(၂၂၆၀၀) ဖြစ်ပြီး ယခင်ဇွန်လ(စတုတ္ထပတ်)တွင်ဖြစ်ပေါ်ခဲ့သော ပဲဈေးနှုန်းများမှာ ပဲစင်းငုံနီတစ်တင်းလျှင် ကျပ်(၁၄၄၄၀၀)၊ မတ်ပဲအမျိုးအစားအလိုက် တစ်တင်းလျှင် ကျပ် (၇၀၀၀၀မှ ၈၃၀၀၀)၊ ကုလားပဲဝါလုံးကြီး တစ်တင်းလျှင် ကျပ်(၈၁၀၀၀)၊ ပြောင်းဖူးစေ့ CP တစ်တင်းလျှင် ကျပ်(၂၃၆၀၀)ဖြစ်ပြီး ဇွန်လ(စတုတ္ထပတ်)နှင့် ဇူလိုင်လ(ပထမပတ်)ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ပဲစင်းငုံနီတစ်တင်းလျှင် ကျပ်(၃၀၀၀)ခန့်၊ မတ်ပဲအမျိုးအစားအလိုက် တစ်တင်းလျှင် ကျပ်(၃၀၀၀)၊ ကုလားပဲဝါလုံးကြီး တစ်တင်းလျှင် ကျပ်(၁၅၀၀)၊ ပြောင်းဖူးစေ့ CP တစ်တင်းလျှင် ကျပ်(၁၀၀၀)ခန့်ကျဆင်းနေသော်လည်း နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်သည်ပွဲစားများထံမှသိရှိရပါသည်။
DOCA(မကွေး)