အိန္ဒိယ သံမဏိနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနများသည် တရုတ်သွင်းကုန်များမြင့်တက်လာမှုနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်

Powered by Drupal

     အိန္ဒိယ၏ သံမဏိနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနများသည် တရုတ်သွင်းကုန်များ အထူးသဖြင့် ဈေးသက်သာသော တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုမြင့်တက်လာခြင်းအတွက် ဆွေးနွေးမှုများပြုလုပ်နေကြကြောင်း ထိပ်တန်းထုတ်လုပ်သူများထံမှ စည်းကြပ်ခွန်များတိုးမြှင့်ကောက်ခံရန်တောင်းဆိုချိန်တွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ တိုက်ရိုက်သိရှိသော အစိုးရအရင်းမြစ်တစ်ခုက ၆-၇-၂၀၂၄ ရက်နေ့ (စနေနေ့)တွင်ပြောကြားခဲ့သည်။

       အိန္ဒိယသည် မတ်လ၌ကုန်ဆုံးခဲ့သောဘဏ္ဍာနှစ်တွင် အသားတင်စတီးလ်တင်သွင်းသူအဖြစ်သို့ပြောင်းလဲခဲ့ပြီး ၎င်း၏အချောထည်တင်သွင်းမှုမှာ ဧပြီလနှင့်မေလတွင် (၅)နှစ်တာ အမြင့်ဆုံးစတီးလ်တင်သွင်းမှုလမ်းကြောင်းအတိုင်း ဆက်လက်ရှိနေကြောင်း ယာယီအစိုးရ၏ အချက်အလက်များအရသိရသည်။

        အိန္ဒိယသည် ဧပြီလမှ မေလအတွင်း သံမဏိအချောထည်တန်ချိန် ၁.၁သန်းတင်သွင်းခဲ့ပြီး ယခင်နှစ်ထက် ၁၉.၈ရာခိုင်နှုန်းတိုးလာခဲ့သည်။ သံမဏိဝန်ကြီးဌာနသည် သွင်းကုန်များမြင့်တက်လာမှုနှင့်စပ်လျဉ်း၍ ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာနကိုစုံစမ်းစစ်ဆေးရန် ကြိုးပမ်းခဲ့သည်ဟု အဆိုပါသတင်းအရင်းအမြစ်များကပြောကြားခဲ့ပြီး ဆွေးနွေးမှုများကို လူသိရှင်ကြားထုတ်‌ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သည်။

         တရုတ်နိုင်ငံသည် မကြာသေးမီလများအတွင်း အာရှ၏တတိယအကြီးဆုံး စီးပွားရေးနိုင်ငံများသို့ သံမဏိတင်ပို့မှုထိပ်တန်းအဖြစ် ဆက်လက်တည်ရှိနေသဖြင့် အိန္ဒိယသည် ဈေးပေါသော တရုတ်သွင်းကုန်များကိုစောင့်ကြည့်နေကြောင်း သတင်းအရင်းမြစ်များကဆိုသည်။

          တာတာစတီးလ်ကဲ့သို့သော အိန္ဒိယသံမဏိထုတ်လုပ်သူကြီးများက တရုတ်သွင်းကုန်များကို စိုးရိမ်စရာအဖြစ် အလံပြထားသည်။

      အိန္ဒိယ၏သွင်းကုန်များ သိသိသာသာမြင့်တက်လာမှုကြောင့် စိုးရိမ်နေသော သံမဏိစက်ရုံများသည် အစိုးရ၏စွက်ဖက်မှုနှင့် သွင်းကုန်ခွန်များမြင့်မားရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။ သို့သော်လည်း ဖက်ဒရယ်သံမဏိဝန်ကြီးဌာနသည် ထိုတောင်းဆိုချက်များကိုငြင်းဆိုခဲ့သည်။

         Arcelor Mittal Nippon Steel India မှ အကြီးတန်းအမှုဆောင် အရာရှိတစ်ဦးက အစိုးရသည် သွင်းကုန်များတိုးလာခြင်းကြောင့် သံမဏိအပေါ်  အခြေခံအကောက်ခွန်ကို ၇.၅%မှ ၁၂.၅ %သို့တိုးမြှင့်ရန် စဉ်းစားသင့်သည်ဟုပြောကြားခဲ့သည်။

Source: economictimes

DOCA(ရန်ကုန်)