![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/12.4_3.jpg?itok=Bt0fpnj1)
တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊ ကွမ်းသီးများကို အဓိကစိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသ ကြီးဖြစ်ပါသည်။ ရော်ဘာပင်များစိုက်ပျိုးသည့်ဧရိယာ (၃၅၁၇၇၇)ဧက၊ အစေးလှီးဧရိယာ မှာ (၂၀၂၇၁၉)ဧက၊ အထွက်နှုန်းမှာ (၅၀၂.၂၁) ပေါင်ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၄၆၁၇၉) မတ်ထရစ်တန်ရှိကြောင်း သိရှိရပါသည်။ ယခုအပတ်အတွင်း ရော်ဘာစျေးနှုန်းအခြေအနေမှာ RSS-3 တစ်ပေါင်လျှင် (၂၅၅ဝိ/-)ကျပ်နှင့် RSS-5 တစ်ပေါင်(၂၁၅ဝိ/−)ကျပ်စျေးနှုန်းရှိပြီး ယခင်နှစ်အလားတူ ပေါက်ဈေးရှိကြောင်း သိရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တွင် ရော်ဘာဈေးနှုန်းအနေဖြင့် တောင်သူများတွက်ချေကိုက်လျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ဈေးနှုန်းတည် ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)