အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၈.၇.၂၀၂၄) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်ရှိ မင်္ဂလာဈေး၊ ကန်သာယာရှိ နီလာဈေးတို့တွင် ရောင်းချလျက်ရှိသော အသင့်စားမုန်အမျိုးမျိုးတို့အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။စစ်ဆေးရာတွင် ဈေးကွက်တွင်ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုး၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ်ထားသည့် မုန့်များရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချခြင်း ရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားသော အသင့်စားမုန့်များကိုသာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။ ထို့နောက် ဆိုင်ရှင်များအား စားသုံးသူများ ဘေးအန္တရာယ်ကင်းစေရန်အတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များအား ဈေးကွက်အတွင်း တင်သွင်းဖြန့်ဖြူးရောင်းချစေရန်အတွက် အသိပညာ ပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)