![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/15.4_7.jpg?itok=tL00MtDx)
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသုံးနိုင်ရေး၊ သင့်တင့်မျှတသော စျေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း စားအုန်းဆီရောင်းချပေးနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမိုးဇော်နိုင်နှင့် တာဝန်ရှိသူများက (၅.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် MPower Energy Company Limited ၏ စားသုံးဆီကိုယ်စားလှယ် ဒေါ်အေမီအောင်မှ အမှတ်(၇)ရပ်ကွက်၊ အုတ်ဖိုရပ်တွင် အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် ဆီပိဿာချိန် (၇၇၀)ပိဿာကို လည်းကောင်း၊ အမှတ်(၃)ရပ်ကွက်တွင် အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် ဆီပိဿာချိန် (၃၀၀)ပိဿာကိုလည်းကောင်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
DOCA(မကွေး)