အခြေခံပညာအထက်တန်းကျောင်းခွဲ(ဆားစည်)၌ အသိပညာပေးဆွေးနွေးခြင်းနှင့် ကျောင်းမုန့်စျေးတန်းအား စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ စျေးလယ်စိုးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(ဆားစည်)၌ (၈.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။

   ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ အမှိုက်များ စနစ်တကျစွန့်ပစ်တတ်ကျစေရေးသရုပ်ပြရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အခြေခံကျောင်းသား/ ကျောင်းသူများ သိသင့်သော စားသုံးသူ/ စီးပွား‌ရေးလုပ်ငန်းရှင်/ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များ၊ စားသုံးသူများရသင့်သည့် အခွင့်အ‌ရေး(၈)ချက်၊ လိုက်နာရမည့် တာဝန်(၄)ချက်နှင့် ကုန်စည်နှင့်အစားအစာများ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ၊ ဆီစားသုံးမှုများပြားပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်းနှင့် စားအုန်းဆီ၏ ဘေးထွက်ဆိုးကျိုးများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အသိပညာပေးဆွေးနွေးပွဲသို့ အခြေခံပညာ အထက်တန်းကျောင်းခွဲ (ဆားစည်)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ (၂၀)ဦး၊ ကျောင်း သား၊ ကျောင်းသူ (၃၅၀)ဦးတို့ တက်ရောက်ခဲ့ကြောင်းနှင့် ဌာနအလိုက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

          ဆက်လက်၍ ကျောင်းမုန့်စျေးတန်းရှိ ကျောင်းမုန့်စျေးသည်(၃)ဦးမှ ရောင်းချနေသော အစားအစာများ၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များ ရောင်းချမှုရှိ/မရှိ ၊ သက်တမ်းလွန် မှိုတက်နေသော ကုန်စည်များ၊ ကုန်အညွှန်း အမှတ်အသားဆိုင်ရာသတ်မှတ်ချက်များပြည့်စုံမှန်ကန်စွာ ဖော်ပြမထားသော ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့အား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)