သရက်မြို့နယ်တွင် ကျောင်းကျန်းမာရေးဆိုင်ရာ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ကျောင်းမုန့်ဈေးဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေး

Powered by Drupal

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးအုန်းမြင့်(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (.၇.၂၀၂၄)ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် သရက်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်-၂၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူးအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သရက်မြို့နယ်ရှိ ကျောင်းများသို့ ဒုတိယအကြိမ်ဖြင့် စစ်ဆေးခြင်းများအား ဆောင်ရွက်လျက်ရှိရာ တောင်မင်းတည်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းနှင့် လေးတိုင်စင်ကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်းများသို့ ကျောင်းကျန်းမာရေး ဆိုင်ရာ ကျောင်းနှင့်ကျောင်းဝန်းကျင်သန့်ရှင်းရေးနှင့် သက်ဆိုင်သည့် အချက်(၈)ချက်အား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် အဖွဲ့ဝင်များမှ အချက်(၈)ချက်တွင်ပါဝင်သော ကျောင်းအဆောက်အအုံတစ်ခုလုံးကို သန့်ရှင်းရေးပြုလုပ်ထားခြင်း၊ စာသင်ခန်းအတွင်းရှိ ကျောင်းသုံး ပရိဘောဂများ စနစ်တကျထားရှိခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ အလင်းရောင်နှင့် လေလုံလောက်စွာ ရရှိခြင်း၊ သန့်ရှင်းလုံလောက်သော သောက်သုံးရေရရှိအောင် စီစဉ်ထားခြင်း၊ ကျောင်းစားသောက်ဆိုင်တွင်  ကျန်းမာရေးနှင့်ညီညွတ်သောအစားအသောက်များသာ ရောင်းချစေခြင်း၊ အမှိုက်သရိုက်များကို စုစည်း၍ အဖုံးပါသောအမှိုက်ပုံးတွင် စွန့်ပစ်ခြင်း၊ အမှိုက်သိမ်းဆည်းခြင်းများ၊ ခြုံ၊ ရေအိုင်၊ အမှိုက်၊ ပေါင်းမြက်များကင်းရှင်းစေခြင်း၊ ရေလောင်းအိမ်သာ(သို့မဟုတ်) ကျန်းမာရေးနှင့်ညီညွတ်သော ယင်လုံအိမ်သာကိုသုံးစွဲခြင်း၊ ခြင်၊ ယင်ပေါက်ဖွားနိုင်မှုမရှိစေရေးတို့ စစ်ဆေးခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနများမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များအား ကျောင်းအုပ်ဆရာမကြီးထံသို့ပေးအပ်ခြင်း၊ ဦးစီးမှူး ဦးအုန်းမြင့်မှ ကျောင်းရှိမုန့်ဈေးဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့် မုန့်များနှင့် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ ပါဝင်သော မုန့်များကိုသာ ကြည့်ရှုဝယ်ယူရောင်းချစေရေး အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)