![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/15.7_5.jpg?itok=5t1G6VvV)
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ ထုံးတောင်အုပ်စု၊ ဝါရုံရပ်ကွက် ဓမ္မာရုံ၌ မြို့ပေါ်ရှိ ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များအသင်းမှ (၈.၇.၂၀၂၄)ရက်နေ့၊ (၀၈:၀၀)အချိန်တွင် ဧည့်မထဆန်(၁) ပြည်လျှင် ကျပ်(၃၀၀၀)ဈေးနှုန်းဖြင့် ပြည်သူ(၃၆၀)ဦးအား စုစုပေါင်းဆန်အိတ် (၁၅)အိတ်အား ရောင်းချ ပေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါရောင်းချပေးနေမှုအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန တို့ပူးပေါင်း၍ စိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပြီး ဆန်စက်နှင့် ဆန်လုပ်ငန်းရှင်များအသင်းမှ မြို့ပေါ်ရှိ ရပ်ကွက်များတွင် အပတ်စဉ် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ယခု အကြိမ်သည် သရက်မြို့ပေါ်တွင် တတိယအကြိမ်မြောက် ရောင်းချပေးခြင်းဖြစ်ပါကြောင်း သိရသည်။
DOCA(မကွေး)