စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည် ဇူလိုင်လ ၈ ရက်နေ့တွင် ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ကျင်းပသည့် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေဝါသနာရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးပြောကြားပါသည်။
မြို့နယ်တာဝန်ခံက စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ စားသုံးသူတိုင်ကြားမှုများအား ဖြေရှင်း ဆောင်ရွက်ပေးနေမှုများကို အသိပညာပေးပြောကြားပြီး တက်ရောက်လာသည့် စာပေဝါသနာရှင် များ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပါသည်။
စာဖတ်ဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကြူကြူခိုင်နှင့် စာပေဝါသနာရှင်(၈)ဦး တက်ရောက်ကြောင်း သိရပါသည်။
DOCA(ပဲခူး)