စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် ၉.၇.၂၀၂၄ နေ့လယ် (၁၃:၃၀)အချိန်တွင် အင်းစိန်မြို့နယ်သို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် လှိုင်မြစ်လမ်း၊ ကွက်သစ်ရပ်ကွက်လမ်းမပေါ်ရှိ သန့်စင်စတိုးသို့ ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးအမျိုးမျိုးကို ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် Baby Mild, Kodomo, Johnsons,ဝိုင်အိုလတ်,Baby တို့မှ ပေါင်ဒါ၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်နှင့် ကိုယ်တိုက်ဆပ်ပြာတို့ကိုလည်းကောင်း၊ Compact, Happy Mammy တို့မှ Wet Tissues တို့ကိုလည်းကောင်း၊ Super Kiddy, Icona, Lovely, Baby, Vni Dry တို့မှ ကလေး (Diper)တို့ကို ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပြည်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိပါသည်။
DOCA(ရန်ကုန်)