တိုက်ကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အခမ်းအနားတက်ရောက်ခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးသည် (၈.၇.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အခမ်းအနားတက်ရောက်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်း(၁၂၀)ဦးခန့် တက်ရောက်ပြီး အခမ်းအနား တွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့ဝင်များမှ ငလျင်ဖြစ်ပွားသည့်ဖြစ်စဉ်အား သရုပ်ပြသပြီး မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများစုဖွဲ့ထားရှိမှုတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး အခမ်းအနားကို နံနက်(၁၁:၀၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(ရန်ကုန်)