ဥက္ကံမြို့ရှိ ဆန်ရောင်းချမှု/ဆန်သိုလှောင်မှုအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးသည် (၉.၇.၂၀၂၄)ရက်နေ့ နံနက်(၀၈:၀၀)နာရီတွင် ပူးပေါင်းအဖွဲ့များဖြင့် ဥက္ကံမြို့ရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်မှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တိုက်ကြီးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ဥက္ကံမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဥက္ကံပြည်သူရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာရပ်ကျေး ဥက္ကဌများနှင့်အတူ  ဆန်ဆိုင်များသို့ သွားရောက်စစ်ဆေးရာတွင် ဆန်ဆိုင်အများစုမှာ တိုက်ကြီးနှင့် ဥက္ကံဒေသထွက်ဆန်များကို အများဆုံးရောင်းချကြပြီး ဧရာဝတီဆန်များနှင့် ရွှေဘိုပေါ်ဆန်းမွှေးဆန်များကိုလည်း အနည်းငယ်သာ ဝယ်ယူရောင်းချကြသဖြင့် လက်ကျန်အနည်းငယ်သာကျန်ရှိကြပါသည်။ ဆန်ရောင်းချမှုများမှာလည်း ပုံမှန်ရောင်းချလျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)