ရွှေပြည်သာမြို့နယ် သံဒင်းဈေးရှိ ဈေးသူ/ဈေးသားများအား အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုဦးစီးမှူးပါ (၃)ဦးသည် ၉.၇.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ် သံဒင်းဈေး၊ စည်ပင်သာယာရုံးခန်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆိုင်ရာ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

       ထိုသို့ အသိပညာပေးဟောပြောရာတွင် ဒေါ်နီလာဦး ဒုဦးစီးမှူးက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း၊ မိမိတို့ဆိုင်တွင် ရောင်းချသည့်ကုန်စည်များသည် ကုန်အညွှန်းအမှတ်အသားများကို တိကျမှန်ကန်စွာဖော်ပြထားသည့် ပစ္စည်းများကိုသာ ရောင်းချရန်၊ တိကျမှန်ကန်စွာဖော်ပြထား ခြင်းမရှိသည့် ကုန်စည်များကို ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့်  စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့် လည်းကောင်း၊ Website Complaint System မှလည်းကောင်း၊ DOCA Myanmar Mobile Application ဖြင့်လည်းကောင်း၊ Call Center 1535 ကို ခေါ်ဆို၍လည်းကောင်း တိုင်ကြားနိုင်ခြင်းအကြောင်းကို ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ရန်ကုန်)