(၄.၇.၂၀၂၄)ရက်နေ့၊နေ့လယ်(၁၄:၀၀) အချိန်တွင် ဟင်္သာတမြို့ ၊ တာငါးဆယ်(မ) ရပ်ကွက်၊ ဈေးကလေးလမ်းရှိ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် ဟင်္သာတမြို့နယ် အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များအားတွေ့ဆုံ၍ ဆန်ရောင်းချမှုများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက် ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရှင်းလင်းဆွေးနွေးပါသည်။ ဧည့်မထ(၁၅%) ဆန်တစ် ပြည်လျှင် ၃၀၀၀ ကျပ်၊ ပေါ်ဆန်းတစ်ပြည်လျှင် ၅၀၀၀ ကျပ် ဖြင့်ဆန်ဆိုင်များတွင် ရောင်းချနိုင်ရေး တို့ကိုလည်းအသိပေးဆွေးနွေးပါသည်။ ဆန်ဆိုင်လုပ်ငန်းရှင် (၂၅)ဦးတက်ရောက်ပြီး နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့ပါသည်။
DOCA(ဧရာဝတီ)