![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/16.8_5.jpg?itok=s3vSK5HW)
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(အောက်ထပ်)တွင် တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့(၃/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြား၍ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးမှ အမှာစကားပြောကြားပြီး အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များမှ မိမိတို့ ဌာနအလိုက် တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှလည်း မိမိတို့ဌာနအနေဖြင့် တရားမဝင်ကုန်သွယ်မှုနှင့် စပ်လျဥ်း၍ အဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းအဆင့်တက်ရောက်လာကြသော ဌာနဆိုင်ရာများမှ သိရှိလိုသည်များအား အထွေထွေမေးမြန်းဆွေးနွေးပြောကြားခဲ့ပြီး တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးအား နေ့လယ် (၁၅း၀၀) နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)