![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/5_1.jpg?itok=gTXqSH7z)
အစေ့ထုတ်ပြောင်းသည် ကယားပြည်နယ်၏ အဓိကဝင်ငွေရ စိုက်ပျိုးသီးနှံတစ်ခုဖြစ်ပြီး နှစ်စဉ် အခြားဒေသသို့ ပြောင်းတင်ပို့မှုများရှိခဲ့သဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ပြောင်းတင်ပို့မှု အနည်းငယ်သာရှိခဲ့၍ ယခုမတ်လ တတိယပတ်အတွင်း ပြောင်းတင်ပို့မှုများမှာ (၆၉၃၀)အိတ်၊ (၃၃၉)တန် တင်ပို့ခဲ့ပြီး ယခင်မတ်လ ဒုတိယပတ်အတွင်း ပြောင်းတင်ပို့မှုမှာ (၃၁၂၀)အိတ်၊ (၁၅၂)တန် တင်ပို့နိုင်ခဲ့ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် ပြောင်းတင်ပို့မှုကို နှိုင်းယှဉ်ကြည့်လျှင် (၃၈၁၀)အိတ်၊ (၁၈၆)တန် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ ပြောင်းသည် မြဝတီမြို့သို့ အများဆုံးတင်ပို့ခဲ့ကြောင်း မြို့ဦးဂိတ်စာရင်းများအရ သိရှိရပါတယ်။
စားသုံးသူရေးရာဦးစီးဌာန ကယားပြည်နယ်