မြိတ်မြို့တွင် ဆန်နှင့် ဆီ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် ကွင်းဆင်းစစ်ဆေး

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အခြေခံစားကုန်များဖြစ်သော ဆန်နှင့် စားသုံးဆီစျေးနှုန်းများကို စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် ၂၀၂၄ခုနှစ်၊ ဇူလိုင်(၁၁)ရက်နေ့၊ နံနက်(၀၈း၃၀)နာရီ အချိန်တွင်  မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များမှ မြိတ်မြို့၊ ဆိပ်ငယ်ရပ်နှင့် နောက်လယ်ရပ်ရှိ ဆန်နှင့်ဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ ခရိုင်ဗဟိုစာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်ပြီး ဆန်နှင့်ဆီအရောင်းဆိုင်များကို အလေးချိန်မှန်ကန်စွာဖြင့် သတ်မှတ်ရည်ညွှန်းစျေး အတိုင်းရောင်းချရန်နှင့် ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းဖြင့်သာ ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)