မိတ္ထီလာဈေးကွက်၌ ဇူလိုင်လဆန်းတွင်ကြက်သွန်နီဈေးအနည်းငယ်ပိုလာ

Powered by Drupal

       မိတ္ထီလာဈေးကွက်တွင် ဇူလိုင်လဆန်း၌ ကြက်သွန်နီဈေးအနည်းငယ်မြင့်လာကြောင်းသိရသည်။ ရာသီဥတုနှင့်လမ်းအခြေအနေအရ နယ်ဝေးတင်ပို့ရန်ခက်ခဲသည့်အတွက် ဇွန်လစတုတ္ထပတ်တွင် ဈေးအေးနေခဲ့သော်လည်း ဇွန်လကုန်၊ဇူလိုင်လဆန်းတွင် နယ်စပ်ဝယ်လက်များဖြစ်သည့် မြဝတီ၊ တာချီ လိတ်တို့မှ အဝယ်ရှိလာပြီး တင်ပို့မှုများရှိလာကြောင်း သိရှိရပါသည်။ ယခုရက်များအတွင်း မိတ္ထီလာမှ မော်လမြိုင်သို့ (၁၂) ဘီးကားဖြင့် တင်ပို့နေပို့ပြီး မော်လမြိုင်မှတဆင့် မြဝတီသို့ (၆) ဘီးကားဖြင့် ကားစီးလုံးဖြင့် တင်ပို့ သကဲ့သို့ အခြားကုန်များနှင့်လည်းရောနှောတင်ပို့နေကြောင်း၊ ရန်ကုန်နှင့်ပဲခူးသို့ ယခုရက်ပိုင်းတင်ပို့မှု နည်းပြီး (၁၂) ဘီး၊ (၆) ဘီးကားတို့၌ အခြားကုန်များနှင့်ရော၍ တင်ပို့ကြကြောင်း၊ ကြက်သွန်နီဈေးမှာ လက္ကားဈေးတစ်ပိသာလျှင် ယခင်တစ်ပတ်က (၁၆၀၀မှ ၁၈၀၀) ကျပ်ထိရှိခဲ့ပြီး ဇူလိုင်လဆန်းမှာတော့ တစ်ပိဿာ (၁၈၀၀မှ ၁၉၀၀) ကျပ်ရှိကြောင်း သိရသည်။နယ်စပ်ဝယ်လက်များမှ ပစ္စည်းကောင်းကို ဈေးပိုပေးဝယ်ခြင်းကြောင့် ဈေးမြင့်လာခြင်းဖြစ်ပြီး ပြည်တွင်းဝယ်လက်များဖြစ်သည့် ရန်ကုန်၊ပဲခူးတို့မှာ အလတ်စများသာတင်ပို့ရကြောင်း ဈေးကွက်မှသိရပါသည်။

DOCA(မန္တလေး)