ပဲပုပ်ဈေးတက်ပေမယ့် လက်ကျန် လှောင်ပဲ အနည်းငယ်သာရှိ

Powered by Drupal

    ယခုနှစ် ၂၀၂၄ ခုနှစ် နှစ်စမှစ၍ ပဲပုပ်ဈေးမြင့်တက်ခဲ့သော်လည်း ပြည်နယ်တွင်း စားသုံးရန်နှင့် လုပ်ငန်းသုံးများအတွက် အသုံးပြုရန်အတွက် ကုန်သည်လက်ကျန် လှောင်ပဲအနည်းငယ်သာ ရှိကြောင်း ဘားအံမြို့၊ ရွှေကံထူးပဲပွဲရုံမှ သိရသည်။

     ကရင်ပြည်နယ်ဒေသထွက် ပဲပုပ်ဈေးမှာ ယခင်နှစ်က တစ်ပိဿာလျှင် ၃၂၀၀ ကျပ်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဝယ်ဈေးအဖွင့်ဈေးနှုန်းမှာ ၃၄၀၀ ကျပ် ဖြစ်ကာ ဇူလိုင်လလယ်တွင် တစ်ပိဿာ ၄၂၀၀ ကျပ်ထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းသိရသည်။

    ပဲပုပ်သည် စိုက်ပျိုးရန် လွယ်ကူပြီး စိုက်ပျိုးစရိတ် သက်သာသောကြောင့် ကရင်ပြည်နယ်တွင် တောင်သူများ စိုက်ပျိုးမှုများပြား၍ အထွက်နှုန်းနှင့် ဈေးနှုန်းရရှိမှုသင့်တင်သောကြောင့် တောင်သူ တွက်ခြေကိုက်မှုကောင်းသောသီးနှံဖြစ်ပြီး ကုန်သည်များအနေဖြင့် ဈေးနှုန်းမြင့်တက်ရန် အလား အလာများကို ခန့်မှန်းနိုင်သော်လည်း ပဲပုပ်အား သိုလှောင်ရာတွင် ရိတ်သိမ်းချိန်လွန် နည်းပညာ  (သိုလှောင်မှု) အခက်အခဲရှိသောကြောင့် အရေအတွက်များများစားစား သိုလှောင်ခြင်းမရှိဘဲ ဒေသတွင်း စားသုံးရန်နှင့် လုပ်ငန်းသုံးများအတွက်သာ လိုအပ်သလောက် ခန့်မှန်းသိုလှောင်ကြကြောင်း သိရသည်။

DOCA(ကရင်)