စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁၁-၇-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.ထ.က (မြိုင်ကလေး)၊ အခြေခံပညာအထက်တန်းကျောင်းရှိ (ကျောင်းသား၊ ကျောင်းသူ)နှင့် ကျောင်းမုန့်ဈေးတန်းဈေးသည်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ၊ စားသုံးသူအခွင့်ရေး (၈)ချက်အကြောင်း ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျရွေးချယ် ဝယ်ယူစားသောက်သုံးစွဲ တတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို နမူနာ-မုန့်မျိုးစုံဖြင့် သိသာထင်ရှားအောင် ရှင်းလင်းဟောပြောခဲ့ရာ ဆရာ၊ ဆရာမ (၃၇) ဦး၊ ကျောင်းသား၊ ကျောင်းသူများ (၂၀၀)ဦး၊ ပြည်သူ (၁၀)ဦးစုစုပေါင်း ဦးရေ(၂၄၇) တက်ရောက်ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကရင်)