“မိုးပြောင်းဖူးများစဉ့်ကိုင်မြို့နယ်တွင်စတင်ရိတ်သိမ်းလျှက်ရှိ”

Powered by Drupal

                မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျှက်ရှိပြီး ရာသီအလိုက် သီးနှံများလည်း စိုက်ပျိုးကြပါသည် ။ ရာသီအလိုက် စိုက်ပျိုးသော သီးနှံများအနက် ပြောင်ဖူးသီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ပြောင်းဖူးသီးနှံစိုက်ပျိုးခြင်းဖြင့် ကျွဲ၊နွား စာများဖူလုံသည့်အပြင် ပြောင်းဖူးရိုးပင်များကိုလည်း ပြန်လည်ရောင်းချသောကြောင့် စီးပွားဖြစ် ဝင်ငွေတိုးစေပါသည်။ ခရိုင်အတွင်း၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် (မိုး)ပြောင်းဖူး စိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင်(၂၀၈)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၂၅၄)ဧက၊မြစ်သားမြို့နယ်တွင်(၃၆၂)ဧက၊ စုစုပေါင်း(၈၂၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဇူလိုင်လပထမပတ်အထိ စဉ့်ကိုင်မြို့နယ်တွင် မိုးပြောင်းဖူး (၁၂၅)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ ပြောင်းဖူးစိုက်ပျိုးမှုအနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင် စုစုပေါင်း (၂၆၀၀၀၀/-)ကျပ်ခန့်ကုန်ကျပြီးအများဆုံးစိုက်ပျိုးသောမျိုးမှာဝယ်လိုအားများသောသကြားပြောင်း မျိုးများကိုအများဆုံးစိုက်ပျိုးကြပါသည်။ပြောင်းဖူး(၁)ဧကအထွက်နှုန်းအနေဖြင့် ပြောင်းဖူး(၄၀၀၀) ခန့်ထွက်ရှိကြောင်း၊ပြောင်းဖူးများကိုစိုက်ခင်းများအထိလာရောက်ဝယ်ယူသူများရှိသလို မြို့ပေါ်သို့ ကိုယ်တိုင်တိုက်ရိုက်ရောင်းချသူများလည်းရှိကြောင်း ၊ ယခုလက်ရှိ ပြောင်းဖူးစျေးနှုန်းအနေဖြင့် စိုက်ခင်းအရောက်ဖောက်သည်စျေး(၁၀)ဖူးအထက်(၂၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းချပေးပြီး အစိမ်း(၁)ဖူးလျှင်(၃၀၀/-)ကျပ်၊ ပြောင်းဖူးပြုတ်(၁)ဖူးလျှင်(၅၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျှက် ရှိကြောင်း ၊ ပြောင်းဖူးကို ခရမ်းချဉ်သီး၊ကြက်သွန်နီ၊နံနံပင်တို့နှင့်သုပ်၍စားကြသလို ပြောင်းဖူးအစိမ်း ကိုဂျစ်ဖြင့်ခြစ်၍ ပြောင်းဖူကြော်အဖြစ်စားသုံးကြပါသည်။ ပြောင်းဖူး ဖောက်သည်စျေး(၂၀၀/-)ကျပ် ဖြင့်ရောင်းချပါက(၈၀၀၀၀၀/-)ကျပ်ရရှိကြောင်း၊ စိုက်ပျိုးစရိတ်နှုတ်ပြီးပါက(၅၄၀၀၀၀/-)ကျပ် ရရှိကြောင်း၊ လက်လီရောင်းချပါက ပိုမိုအကျိုးအမြတ်ရရှိကြောင်း၊ ဝယ်လိုအားရှိသော ပြောင်းဖူး သီးနှံကို လည်းတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)