![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/228_3.jpg?itok=YHii3Ah6)
တောင်ငူမြို့သို့ နေပြည်တော်၊တပ်ကုန်းမြို့နယ်မှ ဖရဲသီးများလာရောက်ရောင်းချလျက်ရှိရာ ၎င်းဖရဲသီးများမှာ ဒေသဖရဲသီးများထက် အရသာပိုမိုကောင်းမွန်သဖြင့် လူကြိုက်များ၍ ရောင်းအားကောင်းလျက်ရှိကြောင်းသိရှိရပါသည်။
တပ်ကုန်းမြို့နယ်မှ ဖရဲသီးများကို ကားတစ်စီးလျှင်အလုံး ၃၀၀၀ ခန့်တင်ဆောင်၍ တောင်ငူမြို့ ဘုရင့်နောင်ဈေးအနီးတွင် အထိုင်ဆိုင်ခန်းဖွင့်လှစ်၍လည်းကောင်း၊ မော်တော်ယာဉ်ငယ်ဖြင့် တောင်ငူမြို့တွင်း လူစည်ကားရာနေရာများနှင့် ရေတာရှည်၊ အုတ်တွင်း၊ ဖြူးမြို့နယ်များသို့လည်းကောင်း လှည့်လည်၍ရောင်းချကာ ဈေးကွက်ကောင်းမွန်နေကြောင်းသိရှိရသည်။
၂၀၂၄ခုနှစ် ဇူလိုင်လဒုတိယအပတ်တွင် ဖရဲသီးတစ်လုံးလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိနှင့် ဖရဲသီးအသေးတစ်လုံးလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ရောင်းချရကြောင်းနှင့် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း ဖရဲသီးရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(ပဲခူး)