စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်သည် ၁၁.၇.၂၀၂၄ ရက်နေ့တွင် ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက် ရှိဦးဂျော်နီ ကုန်စုံဆိုင်သို့သွားရောက်၍ စားသုံးသူများဘေးအန္တယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအုပ်စုတွင် ပါဝင်သည့် ရွှေကျီး(မုန့်မျိုးစုံ)တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းနှင့်ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ပြည့်စုံစွာ ဖော်ပြထားကြောင်းစစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏လိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း ရောင်းချကြရန် အသိပညာပေးဟောပြောခဲ့ပါသည်။
DOCA(ကချင်)