ပြည်မျှစ်(အချို)ဈေးကွက်

Powered by Drupal

    ယခုဇူလိုင်လဒုတိယပတ်တွင် ပြည်ဈေးကွက်သို့ ရွှေတောင်၊ ကုန်းသလင်းရွာ၊ မြရွာ၊ ရွှေနတ်တောင်ဘက်နှင့် မှော်ဇာ၊ မြင်မာဟုဘုရားဘက်ရှိ မျှင်ဝါးပေါက်ရောက်ရာဒေသများမှအဝင်ရှိနေပြီး တစ်ရက်ခြားလျှင် ပိဿာ ၃၀-၄၀ခန့် အဝင်ရှိနေပါသည်။ ၂၀၂၄ခုနှစ် ဇူလိုင်လဒုတိယအပတ်တွင်  ရောင်းချသောဈေးနှုန်းများမှာ ဖောက်သည်ဈေးတစ်ပိဿာလျှင် ကျပ် ၆၀၀၀ နှုန်းရှိပြီး လက်လီမြို့ပေါ်ဈေးများတွင် တစ်ပိဿာလျှင် ကျပ်၇၀၀၀နှုန်းဖြင့် ရောင်းချမှုရှိကာ စားသုံးသူလက်ဝယ်အရောက် လှည့်လည်ရောင်းချလျက်ရှိသော ဆိုင်ကယ်၊ စက်ဘီးဈေးသည်များတွင် ၅ကျပ်သားပါ မျှစ်အချိုတစ်ထုပ်လျှင် ၅၀၀ကျပ်နှုန်းဖြင့် ရောင်းချမှုရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)