“ကြက်ဟင်းခါးသီးစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊ပဲ၊ပြောင်း၊ နှမ်း၊ငရုတ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးကြသည့်အပြင် ကုန်စိမ်းသီးနှံဖြစ်သော ကြက်ဟင်းခါးသီးကို တနိုင်တပိုင်စိုက်ပျိုးလာကြပါသည်။ကြက်ဟင်းခါးသီးကိုရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဗိုလ်တစ်ထောင် ကြက်ဟင်းခါးမျိုးအား စိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ကိုပျိုးထောင်ပြီး ရက်(၂၀)ခန့်အတွင်း တွင်စိုက်ပျိုးရကြောင်း၊ ၃လ ခန့်အကြာတွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး ၅ ရက်ခြား တစ်ကြိမ် ခူးဆွတ်ရပြီး သက်တမ်း(၆)လခန့်အထိခူးဆွတ်နိုင်ကြောင်း၊ စတင်ခူးဆွတ်သည်မှ တစ်ပတ်နှင့် တစ်ပတ်အထွက်နှုန်းများပိုလာကြောင်း ၊ အထွက်နှုန်း အနေဖြင့်(၁)ဧကလျှင် စတင်ခူးဆွတ် ချိန်တွင် ပိဿာ(၂၀၀-၃၀၀) ခန့်ထွက်ရှိပြီး အထွက်နှုန်းအများဆုံး အချိန်များတွင် ပိဿာ(၄၀၀-၅၀၀) အထိထွက်ရှိကြောင်းသိရှိရပါသည်။ (၁)ဧကကုန်ကျစရိတ်အနေဖြင့် ပျိုးထောင်ခြင်း၊မြေပြင်ခြင်း၊ သွင်းအားစု၊စိုက်ပျိုးစရိတ်၊ လုပ်သားခ စုစုပေါင်း(၁၀၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ပေါ်ဦးပေါ်စ ဧပြီလနှင့်မေလများတွင် ကြက်ဟင်းခါးသီးစျေးနှုန်းအနေဖြင့်(၁)ပိဿာ လျှင်(၂၈၀၀/-)ကျပ်ဈေးနှုန်း ရရှိခဲ့ပြီး ယခုအချိန်တွင်  ကြက်ဟင်းခါးသီး(၁)ပိဿာလျှင်(၁၃၀၀/-)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချရကြောင်း၊ ကုန်စိမ်းသီးနှံ ဖြစ်သည့်အတွက် တစ်ပတ်နှင့်တစ်ပတ် စျေးနှုန်းမတူညီကြောင်း၊ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူသည့်အတွက် သယ်ယူစရိတ်သက်သာကြောင်း ၊ ပွဲစားများမှ ရန်ကုန် ၊ မန္တလေး စျေးကွက်များသို့တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။ (၁)ဧက အကျိုးအမြတ်အနေဖြင့်စျေးကောင်း ရရှိသောကြောင့် သိန်း(၂၀)ကျော်ခန့် အမြတ်ရရှိသည့်အတွက်  တွက်ခြေကိုက်သည့် သီးနှံဖြစ်ကြောင်း ကြက်ဟင်းခါးသီးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)