![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/17.14_2.jpg?itok=S7PYLict)
ဧရာဝတီတိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးအား (၉.၇.၂၀၂၄) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ဆန်ရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူရောင်းချနိုင်ရေးနှင့် MYRO မှတ်ပုံတင်ပြီးစီးမှု၊ ၂၀၂၄ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လအတွက် မြန်မာနိုင်ငံဆန်စပါးအသင်း၏ ထုတ်ပြန်ချက်၊ ၂၀၂၃-၂၀၂၄ မိုးစပါးဝယ်ဈေးနှင့်ဆက်စပ်သည့် ဆန်တစ်အိတ်ရောင်းဈေးနှင့် MRF ၏ ဇူလိုင်လ သင့်တင့်မျှတဈေးနှုန်း နှိုင်းယှဉ်ချက်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆန်စက်၊ ဆန်သိုလှောင်ရုံများ MYRO တွင် မှတ်ပုံတင်ထားရှိမှု အခြေအနေများနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေ ဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆန်ဈေးနှုန်းနှင့် ပတ်သက်၍ တစ်ဧက စိုက်ပျိုးမှု ကုန်ကျစရိတ် ၊ အမြတ်ရရှိမှုအပေါ် သုံးသပ်တွက်ချက်ရမည်ဖြစ်ပါကြောင်း၊ စပါးအထွက်နှုန်းနည်းပြီး စိုက်ပျိုးစရိတ်ကြီးမြင့်ပါက အမြတ်နည်းမည်ဖြစ်ပါကြောင်း၊ ဆန်ဈေးနှုန်းသာမက အခြားစားသောက်ကုန်ပစ္စည်းများကိုလည်း တည်ငြိမ်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့်ဆန်များသည်လည်း သင့်တင့်မျှတသည့် ဈေးနှုန်းဖြစ်ရန်လိုပါကြောင်းနှင့် ဆန်လက်ကျန်စာရင်းကိုလည်း နေ့စဉ်တင်ပြဆောင်ရွက်ရန် လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လက်ရှိဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းနှင့် ပတ်သက်၍ တာဝန်ရှိသူအဆင့်ဆင့်ကလည်း ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း မှာကြားခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)