ဓနုဖြူမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြအခမ်း အနားတက်ရောက်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ မိုးစပါးကို ကောက်စိုက်စက်နှင့် တွဲဘက်သုံး မျိုးစေ့ချကိရိယာ(Transplanter Mounted Seeder)နှင့် ကောက်စိုက်စက် ဖြင့် တောင်သူပညာပေး ကွင်းသရုပ်ပြ စိုက်ပျိုးခြင်းကို ဇူလိုင်လ ၉ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်က အမှတ်၃၃ လယ်ယာစခန်း တမြှာကျေးရွာ၊ဓနုဖြူမြို့နယ်တွင်  ကျင်းပပြုလုပ်ခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာနမှ အခမ်းအနား သို့တက်ရောက်ခဲ့ကြောင်း သိရသည်။

     ဦးစွာ ကွင်းသရုပ်ပြပွဲတွင် စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအေးထွန်းက အမှာစကားပြောကြားရာ ကုန်ကျစရိတ်သက်သာစွာဖြင့် ရာသီအချိန်မီ စိုက်ပျိုးနိုင်ခြင်းနှင့် စပါးစိုက်ပျိုးချိန် ကောက်စိုက်သမ(လုပ်သား)ရှားပါးမှု အခက်အခဲများကို ဖြေရှင်းပေးနိုင်ခြင်းစသည့် ကောင်းကျိုးများစွာ ရရှိစေနိုင်ကြောင်း၊ တောင်သူဦးဌေးဝင်း တမြှာကျေးရွာအုပ်စု၊ တမြှာ​ကျေးရွာ ကွင်းအမှတ်(၆၁)၊ ဦးပိုင်အမှတ် (၇၈)၊ ၏လယ်မြေ၌ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

    စားသုံးသူရေးရာားစီးဌာမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက ဒေသခံတောင်သူများ လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင် လုပ်သားလိုအပ်မှု အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်သည့် ဒေသနှင့်ကိုက်ညီသော လယ်ယာသုံးစက်ကိရိယာများကို အသုံးပြုလိုသော တောင်သူများသည် ကုန်စည်တွင် ဖော်ပြပါရှိသော သတင်းအချက်အလက်များကို သေချာစွာလေ့ လာကြည့်ရှုပြီး သတင်းအချက်အလက်များအတိုင်း လိုက်နာသုံးစွဲရန်လိုအပ်ကြောင်း၊ သို့မှသာ စပါးအထွက်တိုးနိုင် မည်ဖြစ်ကြောင်း ၊ကောက်စိုက် စက်အသုံးပြု၍ စိုက်ပျိုးခြင်းအားဖြင့် လုပ်အားခ သက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ မျိုးထောင် ဧရိယာ အနည်းငယ်သာလိုအပ်ခြင်း၊ ပျိုးပင်များပြုပြင်ထိန်းသိမ်းမှု လွယ်ကူစိတ်ချရခြင်း၊ ပျိုးပင်များ နှုတ်ယူရန်မလိုအပ်ခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များရရှိခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုပိုမိုခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်း ကောင်းစေခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် စပါးခင်း အားရိတ်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်းခြင်းစသည်တို့ကို ရှင်းလင်းပြောကြားပြီး ဆင်းသုခမျိုး စမ်းသပ်ဧက(၃)ဧကအား သရုပ်ပြစိုက်ပျိုးခဲ့ပုံတို့ကို လေ့လာခဲ့ကြသည်။

   ထို့နောက် တောင်သူဦးဌေးဝင်း၏ လယ်မြေအတွင်း၌ ဆင်းသုခစပါးမျိုးကို ကောက်စိုက်စက်နှင့်တွဲဘက်သုံး မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနေမှု၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုများအား မအူပင်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)