![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/239_2.jpg?itok=-X6HBQQs)
၁၁.၇.၂၀၂၄ ရက်နေ့တွင် ပေါင်မြို့နယ် နတ်ကြီးချောင်ဈေးရှေ့၌ စားသုံးသူပြည်သူများသို့ ပေါင်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်များအသင်းတို့ပူးပေါင်း၍ စားသုံးသူပြည်သူများ သက်သာစေရေးအတွက် ပေါ်ဆန်း(ဒေသ)တစ်ပြည်လျှင် (၅၀၀၀) ကျပ်နှင့် ဧည့်မထ တစ်ပြည်လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အတူ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ကြီးကြပ်ဆောင်ရွက်ပေးခဲ့သိရှိရပါသည်။
ထိုသို့ရောင်းချရာတွင် ပေါ်ဆန်း(ဒေသ) (၁၀၈) ပေါင်ပါ အိတ်(၁၀)အိတ်၊ ဧည့်မထ (၁၀၈) ပေါင်ပါ အိတ်(၄၀)၊ စုစုပေါင်း (၅၀) အိတ်ရောင်းချပေးခဲ့ပြီး အိမ်ထောင်စု (၄၀၀-၅၀၀) ခန့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)