ပေါင်မြို့နယ်တွင် မိုးရာသီကောက်စိုက် လုပ်သားခ ဈေးနှုန်းမြှင့်တက်

Powered by Drupal

    ပေါင်မြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ ကောက်စိုက်ခနှုန်းထားမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ ကောက်စိုက်အဖွဲ့များတွင် တစ်ဖွဲ့လျှင်လူအင်အား ၃၀ မှ ၄၀ ဦးအထိပါဝင်ပြီး ကောက်စိုက်နေ့စားခအဖြစ် ယခုနှစ်တွင် လူတစ်ဦးကိုအနည်းဆုံး တစ်သောင်းခွဲရရှိသည်ဟု သိရှိရပါသည်။

    “ဆန်ဈေးနှုန်းမြင့်တက်သဖြင့် ကောက်စိုက်ခကိုလည်း ဈေးတိုးတောင်းယူသည့်သဘောပါ” ဟု ဒရိန်းကျေးရွာမှ ကောက်စိုက်သမခေါင်းဆောင်၏ ပြောကြားချက်အရ သိရှိရပါသည်။

   ကောက်စိုက်လုပ်ငန်းကို‌ အခြေခံလက်လုပ်လက်စားလူတန်းစားများက အဓိကပါဝင်လုပ်ကိုင်နေကြသည်ကိုတွေ့ရပြီး ပဲခူးတိုင်းဒေသကြီးမှ အဖွဲ့လိုက်လာရောက်လုပ်ကိုင်ကြကြောင်း သိရှိရပါသည်။ မိုးရာသီအတွက် ကောက်စိုက်ချိန် ရက် ၄၀ ခန့် နှစ်စဉ်အလုပ်ရ ကြကြောင်း ကောက်စိုက်အဖွဲ့များ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မွန်)