ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အတွက် လက်ကမ်းစာစောင်၊ ပို့စကဒ်နှင့် Maskများဖြန့်ဝေ

Powered by Drupal

          စားသုံးသူကာကွယ်ရေး၊ စားသုံးသူအခွင့်အရေးမြှင့်တင်ဖော်ဆောင်ပေးနိုင်ရေးအတွက် ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် မတ်လ(၁၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် စားသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်၊ ပို့စကဒ်နှင့်Maskများဖြန့်ဝေ ခြင်း Campagin ကို ၂၀၂၂ခုနှစ် မတ်လ (၁၅)ရက်နေ့၀၉:၃၀ အချိန်တွင် ဗန်းမော်မြို့ AGD Bank နှင့် ရွှေတောင်တန်းစက်သုံးဆီဆိုင်လမ်းဆုံတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပို့ဆောင်ရေးနှင့်စီမံကိန်းညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများသို့ ဖြန့်ဝေပေးခဲ့ပါသည်။

                 ထိုသို့ဖြန့်ဝေရာတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ညီညွတ်မျှတ၊ ဒီဂျစ်တယ် ငွေကြေးကဏ္ဍဆောင်ပုဒ်ပါ အထိမ်းအမှတ်ပို့စကဒ်(၂၀၀)ခု၊ စားသုံးသူကာကွယ်ရေး လက်ကမ်းစာစောင် (၂၀၀)ခု၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းMask(၁၂၀၀)ခုတို့ကို ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)