တောင်တွင်းကြီးမြို့၊ တောင်ပြင်(၁)ရပ်ကွက်၌ သက်သာသောစျေးနှုန်းဖြင့် ဆန်များရောင်းချပေး

Powered by Drupal

    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီစဉ်လမ်းညွှန်မှုဖြင့် (၁၁.၇.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်တွင်းကြီးမြို့၊ တောင်ပြင်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆန်စက်လုပ်ငန်းရှင်နှင့် ဆန်ကုန်သည်အသင်းမှ စားသုံးသူပြည်သူများသို့ သက်သာသောစျေးနှုန်းဖြင့် လူတစ်ဦးလျှင် (၁)ပြည် နှုန်းဖြင့် ဧည့်မထ(၁)ပြည်လျှင် ကျပ်(၃၀၀၀)ဖြင့် အိမ်ထောင်စု(၁၆၈)စုဖြင့် ဆန်(၇)အိတ်အားရောင်းချပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)၊ မြို့နယ်ရဲမှူး ဦးဆောင်အရာရှိ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ပြည်သူများသို့ သက်သာသောစျေးနှုန်းဖြင့် ဆန်ရောင်းချခြင်းအား တောင်တွင်းကြီးမြို့ ၌ကျန်ရှိနေသည့်ရပ်ကွက်များသို့ ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်းနှင့် ဆန်ကုန်သည်အသင်းပါဝင်သောဆန်ဆိုင်များမှာလည်း သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆန်စက်လုပ်ငန်းရှင်အသင်းနှင့် ဆန်ကုန်သည်အသင်းတို့ထံမှ သိရှိရပါသည်။

DOCA(မကွေး)