“ ကွမ်းခြံကုန်းမြို့နယ်ရှိ ဆေးဆိုင်များတွင် ဝမ်းရောဂါကာကွယ်ကုသမှုဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ကွမ်းခြံကုန်းမြို့နယ်တွင် ဇူလိုင်လ(၁၂)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ်အတွင်း ရောင်းချသောဆေးဆိုင်များသို့ ကာလဝမ်းရောဂါ ကာကွယ်ကုသမှု ဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ပြည်တွင်း၌စားနပ်ရိက္ခာဖူလုံစေရေးနှင့် အခြေခံစားကုန်များ ဈေးနှုန်းတည်ငြိမ်စေရေး ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရေးကို အလေးထား ဆောင်ရွက်လျက်ရှိရာ ကွမ်းခြံကုန်းမြို့နယ်တွင် ဝမ်းရောဂါကုသမှုဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိကို အမှတ်(၄၇၄)၊ ဗိုလ်ချုပ်လမ်း ကံကြီး၊ မကျီးရပ်ကွက်ရှိ ထွန်းဝေဆေးဆိုင်နှင့် အမှတ်(၄၆၂)၊ ဗိုလ်ချုပ်လမ်း ကံကြီးပိုင်ရပ်ကွက်ရှိ ဦးစံရွှေ+ဒေါ်တင်အိ ဆေးဆိုင်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)