![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/257_3.jpg?itok=mEMUdXfo)
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျွဲနန်းအုပ်စု၊ မောက်ကျေးရွာ၌ နှမ်း၊ ထောပတ်ပဲ၊ ပဲယင်းမျိုးစုံနှင့် စားတော်ပဲများစိုက်ပျိုးလျက်ရှိပြီး စပါးအနည်းငယ်လည်း စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ယခုအချိန်တွင် နှမ်းနီနှင့်နှမ်းနက်များစိုက်ပျိုးနေကြောင်း၊ စိုက်ဧကအနေဖြင့် ဧက(၄၀၀)ကျော်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇွန်လဆန်းတွင် စတင်စိုက်ပျိုးကြကြောင်း စိုက်ပျိုးတောင်သူများထံမှသိရသည်။
စိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုး(၄)ပြည်ခန့်ကြဲပက်ရကြောင်း၊ မျိုးစေ့တစ်ပြည်လျှင် ကျပ် (၆၉၀၀)ပေးရပြီး မြေဩဇာအနေဖြင့် တီစူပါ၊ အထွက်နှုန်းတိုးသော ဝိစာရကိုအသုံးပြုကြောင်း၊ ဇူလိုင်လဆန်းတွင် အပွင့်များစတင်ပွင့်ပြီး လလယ်တွင် အသီးသီး၍ စက်တင်ဘာလဆန်း၌ ရိတ်သိမ်းရကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် မြေဩဇာကောင်းလျှင် (၁၀)တင်းမှ (၁၅)တင်းထိထွက်ရှိကြောင်း နှမ်းစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။
DOCA(မကွေး)