ဆိပ်ဖြူမြို့တွင် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေး

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊  ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းအပြင်ရှိ ဆန်ဆိုင်များတွင် စားသုံးသူပြည်သူများသို့ (၁၂-၇-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ၂၀၂၄ခုနှစ်၊ ဇူလိုင်လအတွက် သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးလျက်ရှိရာ ဧည့်မထဆန်တစ်အိတ်လျှင် ကျပ်(၇၈၀၀၀)၊ ဧရာမင်းဆန်တစ်အိတ်လျှင် ကျပ်(၁၀၂၀၀၀)၊ ဧရာပဒေသာဆန်တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀) ဈေးနှုန်းအသီးသီးဖြင့် ဆန်အိတ်(၇၀)ရောင်းချပေးခဲ့ပါသည်။

      အဆိုပါရောင်းချပေးမှုအား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဝန်ထမ်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဒေသတွင်းဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချရာတွင် စနစ်တကျရှိစေရေး၊ စားသုံးသူပြည်သူများလက်ဝယ် အမှန်တကယ်ရောက်ရှိစေရေး၊ အချင်အတွယ်မှန်ကန်စေရေးအတွက် စိစစ်ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)