ရွှေဘိုခရိုင်အတွင်း ဇူလိုင်လ ဒုတိယပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

        ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်တွင် စပါး/ဆန်ဈေးနှုန်းများတည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ ပထမပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၂၇၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၀၇၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်းအိတ်ရေ ၆၅၇၀၀အိတ်၊ တန်အားဖြင့် ၃၂၈၅တန်စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၀၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၃၇၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၀၀၀၊ရှမ်း(တောင်)သို့ အိတ်ရေ ၈၀၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်းအိတ်ရေ ၇၁၅၀၀အိတ်၊ တန်အားဖြင့် ၃၅၇၅တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့်နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၅၈၀၀အိတ်၊ တန်အားဖြင့် ၂၉၀တန်ပို၍စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဇူလိုင်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၄၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၄၅၀၀၀၊  ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀၀၀၀နှင့် ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)