“တွံတေးမြို့နယ်၌ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ၊ တွံတေးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုးတို့အား ဖြန့်ဖြူးရောင်းချရာတွင် ကုန်ခြောက်ဆိုင်များအား ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးတို့တွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် (၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုရှိ/မရှိ အမိန့် အမှတ်(၂/၂၀၂၄)တို့နှင့် ကိုက်ညီမှု ရှိ/မရှိတို့အား  ဇူလိုင်လ(၁၀)ရက်နေ့၊ နေ့လယ်(၁၃:၃၀)အချိန်တွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  တွံတေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် တွံတေးမြို့နယ် စည်ပင်သာယာရေးဈေးတာဝန်ခံတို့ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးအတွင်းရှိ  စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချနေသော ကုန်မျိုးစုံဆိုင်၊ ကုန်ခြောက်အရောင်းဆိုင်များအား စားသုံးသူ ရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)တို့အား လိုက်နာဆောင်ရွက်ရမည့်အပြင် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသော ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ     (Blended Oil) အဖြစ် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့် (၂/၂၀၂၄)တို့အား လိုက်နာဆောင်ရွက်ပါရန် ရှင်းလင်းပြောကြားကာ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ပြီး အမိန့်၊ ညွှန်ကြားချက်နှင့်အညီ ကိုက်ညီသောရောနှောဆီနှင့် စားသုံးဆီအမျိုးမျိုးတို့ကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချကြပါရန် ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)