![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/268_3.jpg?itok=DJUgs4hQ)
နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအနေဖြင့် စားအုန်းဆီကို ဈေးနှုန်းသက်သာစွာဝယ်ယူသုံးစွဲနိုင်ရန် ကသာခရိုင်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီများအား ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကသာခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ကြီးကြပ်ကာ စားအုန်းဆီကုန်သည်များနှင့်ပူးပေါင်း၍ စားအုန်းဆီများအား ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိပါသည်။
ထိုသို့ရောင်းချပေးလျက်ရှိရာ ၂၀၂၄ခုနှစ် ဇူလိုင်လ(၁၇)ရက်နေ့တွင် ကသာမြို့၊ အမှတ်(၆) ရပ်ကွက်ရှိ ဆီကုန်သည် ဒေါ်ချိုတီနေအိမ်၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာနိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီတစ်ပိဿာလျှင် (၆၉၀၀) ကျပ်နှုန်းဖြင့် ဝန်ထမ်း(၁) ဦးလျှင် စားအုန်းဆီ(၁)ပိဿာနှုန်းရောင်းချပေးခဲ့ရာ ဝန်ထမ်း(၁၄၇၈)ဦးအတွက် စားအုန်းဆီပိဿာ (၁၄၇၈)ပိဿာရောင်းချပေးနိုင်ခဲ့ကြောင်းသိရှိရပါသည်။ ဆက်လက်၍လည်း ကသာခရိုင်အတွက် စားအုန်းဆီခွဲတမ်းရရှိမှုအပေါ်မူတည်၍ ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)