ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ( ၁၂ )ရက်၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် ဘိုကလေးမြို့( ၁ )ရပ်ကွက် အ.လ.က( ၁ )ကျောင်းတွင် ကျောင်းသူ/ ကျောင်းသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ အန္တရာယ်ရှိသောဓာတုဆိုးဆေးများအကြောင်း၊ ဥပဒေပါဖော်ပြချက်များ ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာများ၊ ဈေးကွက်တွင်မြန်မာဘာသာဖြင့် ဖော်ပြထားသော အစားအစာများကို ရွေးချယ်ဝယ်ယူစားသောက်ရန်နှင့်၊ အီလက်ထရောနစ် အငွေ့ရှူစက်များနှင့် ပတ်သက်၍လည်း အသိပညာပေးဟောပြောခဲ့ပါသည်။
DOCA(ဧရာဝတီ)