၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့ သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ကော့သောင်းမြို့ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဦးဆောင်ပြီး (၇)မိုင် ရွှေပြည်စိုးကျေးရွာ၊ ဗုဒ္ဓနုဿတိစာသင်တိုက်တွင် ဖွင့်လှစ်သော စက်ချုပ်သင်တန်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြသီတာ(ဦးစီးအရာရှိ)သည် စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဆောင်ပုဒ် (MOTTO)၊ မျှော်မှန်းချက်(Vision)၊ ရည်မှန်းချက်(Mission)၊ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လျှင် တိုင်ကြားနိုင်သည့်နည်းလမ်းများစသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါ သည်။
DOCA(တနင်္သာရီ)