ဘီးလင်းမြို့နယ်တွင် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိ

Powered by Drupal

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကိုယ်တိုင် စိုက်ပျိုးမွေးမြူ ထုတ်လုပ်ဖြန့်ဖြူးသူများက သက်သာသောဈေးနှုန်းများဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ၁၃.၇.၂၀၂၄ ရက်နေ့တွင် ဘိုးရာဇာရပ်ကွက် မင်္ဂလာဈေးအတွင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

     ယင်းသို့ ရောင်းချရာတွင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် အမဲသား တစ်ပိဿာ (၁၃၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာ (၁၃၀၀၀) ကျပ်၊ ကြက်သား တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ ဧည့်မထဆန် (၁) ပြည် (၃၀၀၀) ကျပ်၊ ငါးမြင်းတစ်ပိဿာ (၅၀၀၀) ကျပ်၊ ငါးမုတ်တစ်ပိဿာ (၅၀၀၀) ကျပ်စသည့် စားကုန်ပစ္စည်းများအား သက်သာချောင်ချိသည့် ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများမှ စနစ်တကျ ဝယ်ယူအား‌ပေးခဲ့ကြောင်းသိရသည်။

     အဆိုပါရောင်းချမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစည်သူအောင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

DOCA(မွန်)