![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/22.9_5.jpg?itok=zh6x_8kt)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် မြစ်ခြေ၊ ကမ္မ၊ ပခုက္ကူကျွန်းဒေသများ၊ မြိုင်၊ ပေါက်၊ ရေစကြိုမြို့များ၊ ဂန့်ဂေါခရိုင်အတွင်းရှိ ယောနယ်ဒေသများနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့များမှ ထွက်ရှိသော သီးနှံမျိုးစုံ ဝင်ရောက်ပြီး ရောင်းဝယ်ဖောက်ကားရာဖြစ်သော စီးပွား ရေးဈေးကွက် အချက်အချာကျသောမြို့ဖြစ်သည်။ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် ဈေးကွက်သို့ နှမ်းနက် (စမုံ)နှင့်နှမ်းဖြူများ အရောင်းအဝယ်ဖြစ်ပြီး နှမ်းနက်မှာ ဈေးတက်ပြီး နှမ်းဖြူမှာ ဈေးကျ၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ နေ့စဉ်အရောင်းအဝယ်ဖြစ်ပြီး တစ်ရက်လျှင် ပိဿာ(၃၀) ဝင်အိတ် (၁၀၀ မှ ၂၀၀ ထိ) ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ဈေးကွက်အနေဖြင့် ဇူလိုင်လ(ဒုတိယပတ်)တွင် နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၂၅၀၀ -၁၂၀၀၀)၊ ယခင်ဇွန်လ(ဒုတိယပတ်)တွင် နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၃၉၀၀၀ - ၁၃၃၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်လအတွင်း နှမ်းတစ်တင်း ကျပ်(၁၄၀၀၀)ခန့် ဈေးကျ၍ အရောင်း အဝယ် ဖြစ်ကြောင်း၊ နှမ်းနက်(စမုံ)တစ်တင်းလျှင် ကျပ်(၁၅၀၀၀၀-၁၄၇၀၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇူလိုင်လ(ဒုတိယပတ်)တွင် နှမ်းနက်တစ်တင်းလျှင် ကျပ်(၁၄၂၀၀၀-၁၃၉၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ တစ်လအတွင်း နှမ်းနက်တစ်တင်း ကျပ်(၈၀၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံ(နွေ)နှမ်းများကို ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြစ်ခြေ၊ ကမ္မဒေသများမှ ဝင်ရောက်ကြောင်း သိရှိရသည်။
ဈေးကွက်သို့ဝင်ရောက်လာသည့်နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင် နှမ်းလှော်လုပ်ငန်းရှင်နှင့် စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းရှင်များမှ ဝယ်ယူလျက်ရှိပြီး မန္တလေးဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း၊ ကုန်ဝင်သလောက်အရောင်းအဝယ်ဖြစ်ကြောင်း မြို့ပေါ်ရှိ ဆီထွက်သီးနှံရောင်းဝယ်ရေးတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)