သထုံခရိုင်၏ ဆန်စပါးဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှုအခြေအနေ

Powered by Drupal

       သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဇူလိုင်လ၏ ဒုတိယအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၅၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၅၀၀) အိတ်ခန့်၊ စုစုပေါင်း(၆၀၀၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၉၀) တန်ခန့်စီးထွက်ခဲ့ပါသည်။ ယခုဇူလိုင်လ၏ တတိယအပတ်တွင် မော်လမြိုင်ခရိုင်သို့ (၃၄၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၅၀၀) အိတ်ခန့်၊ စုစုပေါင်း (၅၉၀၀)  အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၈၀) တန်ခန့်စီးထွက်ခဲ့ပြီး ယခင်ဒုတိယအပတ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်လျော့၍ စီးဝင်ခဲ့ပါသည်။

          သထုံခရိုင်အတွင်းသို့ ဇူလိုင်လ၏ ဒုတိယအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၅၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၃၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၈၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၃၅) တန်ခန့်စီးဝင်ခဲ့ပြီး၊ ဇူလိုင်လ၏ တတိယအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၅၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၇၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၂၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၅၀) တန်ခန့်စီးဝင်ခဲ့ပြီး၊ သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ဒုတိယအပတ်နှင့်နှိုင်းယှဉ်ပါက အနည်းငယ်ပို၍ စီးထွက်ခဲ့ပါသည်။

    သထုံခရိုင်အတွင်း၌ ဇူလိုင်လ၏ တတိယအပတ်တွင် ဆန်ဈေးနှုန်းများမှာ စပါးတင်း (၁၀၀)လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ် (၃၈၀၀၀၀၀)ခန့်၊ ပေါ်ဆန်းဝါ (၃၇၀၀၀၀၀) ခန့်၊ ကမာကြည် (၂၇၀၀၀၀၀)ခန့်၊ ဧည့်မထ (၂၂၀၀၀၀၀)ခန့်နှင့် (၂၄) ပြည်ပါဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၃၇၀၀၀)ခန့်၊ ပေါ်ဆန်းဝါ (၁၃၅၀၀၀) ခန့်၊ ကမာကြည် (၁၁၅၀၀၀)ခန့်၊ ဧည့်မထ (၇၅၀၀၀)ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ ယခင်အပတ်တိုင်း တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)