ပခုက္ကူမြို့တွင်ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော ငွေသရဖူ၊ ဒို့တောင်သူ၊ မိုးမခ၊ ကျော်၊ သီဟကမ္ဘာ၊ သိန်း၊ ဟိန်းစည်နှင့် ကံဟိန်းတို့တွင် ဘိလပ်မြေအမျိုးအစားများဖြစ်သော ကြံ့နှစ်ကောင်၊ အပါချီ၊ အယ်လ်ဖာများ ရောင်းချလျက်ရှိပါသည်။ ဘိလပ်မြေဈေးနှုန်းများမှာလည်း အတက် အကျမရှိ တည်ငြိမ်နေကြောင်း အိမ်ဆောက်ပစ္စည်းဆိုင်မှ သိရှိရပါသည်။ ၎င်းဆိုင်များက ဘိလပ်မြေများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်ဘိလပ်မြေစက်ရုံများမှ သယ်ယူရောင်းချကြောင်း သိရှိရပါသည်။

     ပခုက္ကူမြို့ပေါ်တွင် ရောင်းချလျက်ရှိသော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင် တစ်အိတ်လျှင် ကျပ်(၉၃၀၀)၊ အယ်လ်ဖာ တစ်အိတ်လျှင် ကျပ်(၉၁၀၀)၊ အပါချီ တစ်အိတ်လျှင် ကျပ်(၉၉၀၀) ဖြင့် ရောင်းချနေကြောင်း၊ ဘိလပ်မြေများကို အရောင်းအဝယ်အားဖြင့် အသင့်အတင့် ရောင်းချရကြောင်း၊ ဈေးနှုန်းမှာလည်း အတက်အကျမရှိ ရောင်းချရကြောင်း ဘိလပ်မြေအရောင်းဆိုင်များထံမှ သိရှိရပါသည်။

DOCA(မကွေး)