ဆိပ်ဖြူကြက်သွန်နီ ဇူလိုင်လ(ဒုတိယပတ်) ဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ကြက်သွန်နီဈေးကွက်၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် စားဖိုဆောင် သီးနှံကြက်သွန်နီဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေပါ သည်။ မြို့ပေါ်ရှိ ကြက်သွန်နီဈေးကွက်သို့ ဒေသတွင်းကြက်သွန်နီစိုက်ပျိုးမှုများသော ရွာသစ်၊ အနောက်ပိုင်းရပ်ကွက်၊ ချတောက်၊ ရွာသစ်၊ ဂွေးပင်၊ ချောင်းမကြီး၊ လိပ်ခြံကျေးရွာများမှ ကုန်ချိန်အများဆုံးဝင်ရောက်လျက်ရှိပြီး၊ ဥပုဒ်နေ့မှလွဲ၍ တစ်ရက်လျှင် ကုန်ချိန်ပိဿာ(၃)သောင်း၊ တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ(၂)သိန်းခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိ ရပါသည်။

    ဈေးကွက်အနေဖြင့် ဇူလိုင်လ(ဒုတိယပတ်)တွင် ကြက်သွန်နီတစ်ပိဿာလျှင် ထိပ်စ ကျပ်(၁၈၀၀)၊ အလတ်စ ကျပ်(၁၆၅၀)၊ အသေးစ ကျပ်(၁၅၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဇူလိုင်လ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်လျှင် ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ် လျက်ရ ှိကြောင်း သိရှိရပါသည်။

    ကုန်စည်စီးဆင်းမှုအနေဖြင့် ဇူလိုင်လ(ဒုတိယပတ်)တွင် ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် ပြည်၊ ပုသိမ်မြို့များသို့ အများဆုံး တင်ပို့လျက်ရှိကြောင်း၊ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၃)သိန်း၊ တန်ချိန်အားဖြင့် (၅၇၂)တန်ခန့် ကုန်ချိန်စီးဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)