![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/22.14_2.jpg?itok=xVQ9nOfJ)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ကုန်စိမ်းသီးနှံဈေးကွက်သို့ ကလေး၊ လူကြီးမရွေး ဝယ်ယူစားသုံးမှုများသော သကြားပြောင်းဖူးများ ဈေးကွက်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူကျွန်း ကျေးရွာများဖြစ်သော ကျွန်းဦး၊ ကျွန်းညို၊ ကျွန်းညိုကြီး၊ ကံလှ၊ နန်းတော်ရပ်ကျေးရွာများနှင့် ညောင်ဦးမြို့နယ်အတွင်းရှိ အထက်ညဉ့် အောက်ညဉ့် ကျေးရွာများမှ အများဆုံးဝင်ရောက်ကြောင်း၊ ယခု၂၀၂၄ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် ဈေးကွက်သို့ ပြောင်းဖူးများ ဝင်ရောက်မှုနည်း၍ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သီးနှံရောင်းဝယ်သည့် ကုန်စိမ်းဈေးသည်များထံမှ သိရှိရသည်။
ပြောင်းဖူးဈေးကွက်အနေဖြင့် ဇူလိုင်လ(ဒုတိယပတ်)တွင် ပြောင်းဖူးတစ်ဖူးလျှင် အကြီး/ အသေး၊ အဆံ(အနု/အရင့်)ပေါ်မူတည်ပြီး (၁၀)ဖူးလျှင် ကျပ်(၆၀၀၀)၊ (၁)ဖူးလျှင် ကျပ်(၇၅၀-၈၀၀) အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်ဇွန်လ(ဒုတိယပတ်)တွင် ပြောင်းဖူး(၁)ဖူးလျှင် ကျပ်(၆၀၀-၇၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြောင်းဖူးပြုတ်(၁)ဖူးလျှင် ကျပ်(၁၀၀၀)ဈေးဖြင့် ခေါင်းရွက် တွန်းလှည်းဈေးသည်များမှ ရောင်းချလျက်ရှိကြောင်း၊ (၁)လအတွင်းပြောင်းဖူး(၁)ဖူးလျှင် ကျပ် (၂၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ(ဒုတိယပတ်)တွင် ဧရာဝတီမြစ်ရေတက်၍ ကိုင်း၊ ကျွန်းမြေ ပြောင်းဖူးစိုက်ခင်းများတွင် မြစ်ရေဝင်မြုပ်ခြင်းဖြစ်၍ ဈေးကွက်သို့ ပြောင်းဖူးဝင်ရောက်ခြင်းနည်းခြင်းကြောင့် ဈေးတက်ခြင်းဖြစ်ကြောင်း ကုန်စိမ်းသီးနှံဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)