မအူပင်ခရိုင်အတွင်းရှိ ရေချိုငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်သည် ရေထွက်ကုန်၊ စိုက်ပျိုးရေး၊ လယ်ယာထွက်ကုန်များလုပ်ကိုင်ဆောင်ရွက်နိုင်ရန် မြေပြင်၊ ရေပြင်၊ ပထဝီအနေအထားကောင်းမွန်သော ဒေသကြီးဖြစ်သည်။

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်၌ ငါး၊ ပုစွန်ကန်များဖြင့် မွေးမြူသူဦးရေမှာ မအူပင်မြို့နယ်၊ ကျေးရွာအုပ်စု (၅၆)အုပ်စု၌ ငါးကန်ပိုင်ရှင်ဦးရေ (၂၄၁၅)၊ ပန်းတနော်မြို့နယ်၊ ကျေးရွာအုပ်စု (၄၂)အုပ်စု၌ ငါးကန်ပိုင်ရှင်ဦးရေ (၄၉၁)ဦး၊ ညောင်တုန်းမြို့နယ်၊ ကျေးရွာအုပ်စု (၃၉)အုပ်စု၌ ငါးကန်ပိုင်ရှင်(၁၅၃၄)ဦးနှင့် ဓနုဖြူမြို့နယ်၊ ကျေးရွာအုပ်စု(၄၄)အုပ်စုတွင် ငါးကန်ပိုင်ရှင်(၂၈၉)ဦးတို့သည် ငါးမွေးမြူရေးလုပ်ငန်းကို နှစ်စဉ်တိုးတက်မွေးမြူလျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။

         ရေချိုငါးများကို ငါးကန်များဖြင့် မွေးမြူခြင်းအပြင် သဘာဝအတိုင်း မြစ်ချောင်း၊ အင်းအိုင်များတွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခြင်းများလည်းရှိပါသည်။ ရေချိုငါးမွေးမြူရေးကန်များမှ ငါးသားဖောက်များမှာ ၄လက်မခန့်အရွယ်ရှိပြီး ၎င်းကို စတင်မွေးမြူသည်အချိန်မှ (၁၃)လကြာချိန်တွင် ၈၀ကျပ်သားခန့်ရှိ ငါးမြစ်ချင်းငါးများရရှိပြီး တစ်ပိဿာလျှင် ၆၃၀၀/-ကျပ်ဈေးဖြင့် ရန်ကုန်စံပြဈေး၊ ရွှေပိတောက်ငါးဈေးနှင့် ရန်ကုန်မြို့ရှိ ငါးဒိုင်ကြီးများသို့ ပြည်တွင်းစားသုံးရန် တင်ပို့ရောင်းချလျက်ရှိပါသည်။ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များရှိ ငါးကန်များသည် စတင်မွေးမြူသည့်အချိန်မှာ မတူညီသဖြင့် နေ့စဉ် ကန်ဖော်ချိန်များရှိနေပြီး ငါးကန်များမှ ငါးကန်ဖော်ချိန်တွင် ရန်ကုန်ဈေးကွက်သို့ ကုန်ချိန်ပျမ်းမျှပိဿာ ခုနှစ်သောင်းခွဲခန့်ပေးပို့လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ဧရာဝတီ)