စပါး၊ ပြောင်း၊ ပဲ အခြောက်ခံစက်လုပ်ငန်းရှင်နှင့် ဆွေးနွေးရှင်းလင်း

Powered by Drupal

            ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနသည် “စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်” ဟူသည့် ဦးစီးဌာန၏မျှော်မှန်းချက်နှင့်အညီ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ၊ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဗန်းမော်ခရိုင်၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး သည် ၁၄.၃.၂၀၂၂ ရက်နေ့တွင် ဗန်းမော်မြို့၊ ဟန်းတဲရပ်ကွက်ရှိ စပါး၊ ပြောင်း၊ ပဲ အခြောက်ခံစက်လုပ်ငန်းရှင်(၂)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

                     ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်ဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင်များ ကိုတွေ့ဆုံဆွေးနွေးခြင်းများပြုလုပ်၍ ကောင်းမွန်သည့်စီးပွားရေးလုပ်ငန်းရှင်များဖြစ်စေရန် လုပ်ငန်းရှင်များလိုက်နာရမည့်ကျင့်ဝတ်များ၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို ဆွေးနွေးအကြံပေးခြင်း၊ လိုအပ်သည့် လမ်းညွှန်မှုများဖော်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးအာမခံရမည်ဖြစ်ကြောင်း၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီသိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်းနှင့် ဥပဒေပါ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များကို ဆွေးနွေးရှင်းလင်းခဲ့ပါသည်။

DOCA(ကချင်)